ဘီးတပ်ကုလားထိုင်တပ်ဆင်ခြင်းနှင့် ပေးဝေခြင်း
14
ပြုလုပ်ခဲ့သော ဘီးတပ်ကုလားထိုင် ပေးဝေခြင်း အစီအစဥ်
19
ပြုလုပ်ခဲ့သော ဘီးတပ်ကုလားထိုင် တပ်ဆင်ခြင်းနှင့် တပ်ဆင်ခြင်းဆိုင်ရာသင်တန်းများ
210
ဘီးတပ်ကုလားထိုင် တပ်ဆင်နည်းကိုသင်ယူခဲ့သူများ
1,289
ပေးဝေခဲ့သော ဘီးတပ်ကုလားထိုင် စုစုပေါင်း
52
ပေးဝေခဲ့သော ရွေ့လျားသွားလာနိုင်စေသည့် အထောက်အကူပစ္စည်းများ
လူတိုင်းအတွက် ကျန်းမာရေးအဖွဲ့သည် ရွေ့လျားမှုဆိုင်ရာ ချို့ယွင်းချက်များဖြင့် နေထိုင်သော ကလေးများနှင့် လူကြီးများ၏ ဘဝအရည်အသွေးကို မြှင့်တင်ရန် ကြိုးပမ်းလျှက်ရှိသည်။ ဘီးတပ်ကုလားထိုင် သို့မဟုတ် ရွေ့လျားသွားလာနိုင်စေသည့် အထောက်အကူပစ္စည်းမရှိသော ရွေ့လျားနိုင်မှု ချို့ယွင်းသူသည် အများအားဖြင့် အိမ်တွင်းတွင်သာနေနေရပြီး အပိုစောင့်ရှောက်မှုကို လိုအပ်သည်။ စောင့်ရှောက်မှုကိုလိုအပ်သောသူအားကြည့်ရှုပေးသူသည် အကယ်၍ လိုအပ်သူမှာ ကလေးဖြစ်လျှင် ကြည့်ရှုပေးသူမှာမိဘဖြစ်ပြီး သို့မဟုတ် လိုအပ်သူမှာ အရွယ်ရောက်ပြီးသူဖြစ်လျှင် ကြည့်ရှုပေးသူသည် ၄င်း၏ အိမ်ထောင်ဖက် သို့မဟုတ် ကလေးတစ်ယောက်ဖြစ်နိုင်သည်။ ထို့ကြောင့် ထိုကြည့်ရှုပေးသူများသည် အလုပ်မလုပ်နိုင်ခြင်း၊ မိသားစုအတွက်ဝင်ငွေမရှာနိုင်ခြင်း၊ ကျောင်းမတက်နိုင်ခြင်း သို့မဟုတ် လူမှုအသိုင်းအဝိုင်းတွင် ပါဝင်လှုပ်ရှားနိုင်ခြင်းမရှိတော့ပါ။ တချို့ကြည့်ရှုပေးသူများသည် စောင့်ရှောက်မှုကိုလိုအပ်သောသူများအား အိမ်တွင် မဖြစ်မနေထားခဲ့ရပြီး ထိုလိုအပ်သူသည် တစ်နေ့လုံးလိုလို ရွေ့လျားနိုင်ခြင်းမရှိဘဲ ကူညီဖေးမပေးသူလဲမရှိပါ။
လူတိုင်းအတွက် ကျန်းမာရေးအဖွဲ့သည် မြန်မာနိုင်ငံရှိ ကလေးနှင့်လူကြီးများအား ၂၀၁၅ ခုနှစ်မှစကာ သေချာကောင်းမွန်စွာတပ်ဆင်ထားသော ဘီးတပ်ကုလားထိုင်များကို ပေးဝေလျှက်ရှိသည်။ ကလေးသူငယ်များအတွက် ဘီးတပ်ကုလားထိုင်များကို Wheelchair for Kids အဖွဲ့မှ လှူဒါန်းပေးပြီး လူကြီးများအတွက် ဘီးတပ်ကုလားထိုင်နှင့်တူသော လက်လှည့်တွန်းလှည်းများကို Mobility Worldwide မှ လှူဒါန်းပေးသည်။ ထိုဘီးတပ်ကုလားထိုင်များအား အဖွဲ့အစည်း၏ ညီအစ်မအဖွဲ့ဖြစ်သည့် Burma Children Medical Fund မှတဆင့် လူတိုင်းအတွက် ကျန်းမာရေးအဖွဲ့သို့ ထပ်မံပေးပို့လာခြင်းဖြစ်သည်။ ကလေးသူငယ်များအတွက် ဘီးတပ်ကုလားထိုင်များမှာ တမူထူးခြားပြီး ကလေးတစ်ဦးချင်းစီ၏ လိုအပ်ချက်အပေါ်မူတည်၍ တပ်ဆင်ပေးရသည်။ ထိုဘီးတပ်ကုလားထိုင်များသည် သေချာခင်းထားခြင်းမရှိသောလမ်းများတွင် အသုံးပြုနိုင်ရန် တည်ဆောက်ထားပါသည်။ လက်လှည့်တွန်းလှည်းများမှာမူ လက်လှည့်တံများ သို့မဟုတ် လက်ဆွဲလီဗာကိုအသုံးပြု၍ အရှေ့သို့ရွေ့စေခြင်းဖြစ်သည်။ ထိုလက်လှည့်တွန်းလှည်းများတွင် ချိန်ညှိနိုင်သောထိုင်ခုံများပါရှိပြီး သေချာခင်းထားခြင်းမရှိသောလမ်းများတွင်လည်း အသုံးပြုနိုင်ရန် တည်ဆောက်ထားပါသည်။