လူတိုင်းအတွက် ကျန်းမာရေးအဖွဲ့တွင် စေတနာ့ဝန်ထမ်းအဖြစ် သို့မဟုတ် အလုပ်သင်အဖြစ် လာရောက်လုပ်ကိုင်ပါ။
လူတိုင်းအတွက် ကျန်းမာရေးအဖွဲ့မှ စေတနာ့ဝန်ထမ်းများနှင့် အလုပ်သင်များသည် မြန်မာနိုင်ငံတွင် လုပ်ဆောင်နေသော စီမံကိန်း လုပ်ငန်းစဥ်များတွင် လုပ်ဆောင်နေသောဝန်ထမ်းများကို ပံ့ပိုးကူညီပေးပါသည်။ ပါဝင်ကူညီလုပ်ဆောင်ရမည့် လုပ်ငန်းဆောင်တာများတွင် လုပ်ငန်းများအကြောင်းအစီရင်ခံစာများရေးသားခြင်းမှစ၍ လူနာအင်တာဗျူးများပြုလုပ်ခြင်း၊ ဆိုရှယ်မီဒီယာအတွက် အကြောင်းအရာဖန်တီးခြင်းနှင့် ဝန်ထမ်းများအတွက် စွမ်းဆောင်ရည်မြှင့်တင်ခြင်းလုပ်ငန်းများကို ပံ့ပိုးပေးခြင်းများ ပါဝင်သည်။ လူတိုင်းအတွက် ကျန်းမာရေးအဖွဲ့သည် မြန်မာနိုင်ငံရှိ တက္ကသိုလ်များမှ အလုပ်သင်များအပြင် မိတ်ဖက်အဖွဲ့အစည်းများမှလည်း အလုပ်သင်များကို လက်ခံပေးနိုင်ပါသည်။
*မြန်မာနိုင်ငံတွင် ဆက်လက်ဖြစ်ပွားနေသော ပဋိပက္ခများကြောင့် နိုင်ငံတကာမှ စေတနာ့ဝန်ထမ်း သို့မဟုတ် အလုပ်သင်များကို ယခုအချိန်တွင် လက်ခံနိုင်ခြင်း မရှိသေးပါ။
စိတ်ပါဝင်စားသူများ အနေဖြင့် aungtintun.hfa@gmail.com သို့ အီးမေးလ်ပိုခြင်းဖြင့် စောအောင်တင်ထွန်းထံသို့ CV နှင့် စိတ်ပါဝင်စားရခြင်းအကြောင်းအရင်းစာကို ပေးပို့နိုင်ပါသည်။