top of page

ထွန်းနှင့်တွေ့ဆုံကြပါစို့။

Tun.jpg

အသက် ၃၃ နှစ်အရွယ်ထွန်းသည် သူ၏ ဇနီး၊ သား၊ သမီး၊ ‌ယောက္ခမများ၊ တူမ၊ တူ တို့နှင့် ကရင်ပြည်နယ်တွင် နေထိုင်နေသူဖြစ်သည်။ တစ်အိမ်ထဲတွင်နေထိုင်နေသူများဖြစ်သော်လည်း ဝင်ငွေနှင့် ကုန်ကျစရိတ်များကို အတူတူမျှဝေသုံးစွဲခြင်းမရှိကြပါ။ လွန်ခဲ့သော ၈ လခန့်မှစ၍ ထွန်း၏ ကျန်းမာရေးအခြေအနေမဆိုးရွားချိန်အထိ ထွန်းသည် ဆောက်လုပ်ရေးလုပ်ငန်းတစ်ခုတွင် နေ့စားအဖြစ်အလုပ်လုပ်ကိုင်ခဲ့ပြီး တစ်ရက်လျှင် လုပ်အားခ ကျပ် ၁ သောင်းရရှိခဲ့သည်။ သို့သော် သူ၏ကျန်မာရေးအခြေအနေဆိုးရွားလာသောကြောင့် အလုပ်မှနားခဲ့ရသည်။ ယခုအချိန်တွင် သူ၏ဇနီးသည်တစ်ဦးသာ အလုပ်လုပ်ကိုင်လျှက်ရှိသည်။ သူမသည် တစ်နေ့လျှင် လုပ်အားခ ကျပ် ၅ ထောင် ရရှိပြီး တစ်လလုံးအတွက် ဝင်ငွေသည် ကျပ် ၁သိန်း ၃ သောင်းခန့်ရှိသည်။ ထိုဝင်ငွေသည် သူတို့၏မိသားစု နေ့စဥ်ကုန်ကျစရိတ်များ၊ အခြေခံကျန်းမာရေးရယူရန်နှင့် သူ၏သား ကျောင်းစရိတ်များအတွက် လုံလောက်ပါသည်။

ထွန်းသည် အသက် ၁၂ နှစ်အရွယ် မှစ၍ မောပန်းနွမ်းနယ်ခြင်းကိုခံစားခဲ့ရသောကြောင့် သူ၏သူငယ်ချင်းများနှင့် ပြေးလွှားဆော့ကစားမှုများကိုလည်းရပ်တန့်ခဲ့ရသည်။ သို့သော် အသက် ၁၈ နှစ်မပြည့်မှီအချိန်အထိ သူဆရာဝန်နှင့်မပြသခဲ့ပါ။ အသက် ၁၈ နှစ်အရွယ်ခန့်ရှိချိန်တွင် ထွန်းသည်

ရင်ဘတ်တွင် စူးရှသောနာကျင်မှုကိုခံစားရပြီး အလွန်မောပန်းခြင်းကိုလည်းခံစားလာရသည်။ ဘားအံပြည်သူ့ဆေးရုံသို့သွားရောက်ခဲ့ပြီး ထွန်းတွင် နှလုံးအဆို့ရှင်ကျဥ်းသည့်ရောဂါအခြေအနေရှိကြောင်းသိခဲ့ရသည်။ ခွဲစိတ်ကုသမှုရယူရန်လိုအပ်ကြောင်းကိုလဲ ဆရာဝန်ကရှင်းပြခဲ့သော်လည်း ခွဲစိတ်ကုသရန် မတတ်နိုင်သောကြောင့် ဆရာဝန်မှ သောက်ဆေးများပေးကာ ရောဂါအခြေအနေကို ထိန်းထားစေခဲ့သည်။ ထွန်းသည် ထိုအချိန်မှစကာ ပိုက်ဆံမရှိသည့်အချိန်မှလွဲ၍ ဆေးကိုပုံမှန်သောက်သုံးခဲ့သည်။

၂၀၁၉ ခုနှစ် အောက်တိုဘာလ အစောပိုင်းတွင် ဆေးများကိုသောက်နေသော်လည်း အလွန်အမင်းမောပန်းခြင်း၊ နှလုံးခုန်မြန်ခြင်းနှင့် အသက်ူရခက်ခဲခြင်းကို ၃ ရက်တိုင်တိုင်ခံစားရပြီးနောက် ဘားအံဆေးရုံတွင် ၁ ပတ်အကြာဆေးရုံတက် ကုသခဲ့ရသည်။ ဆေးအသစ်များကိုရရှိခဲ့ပြီး သူသက်သာလာခဲ့သည်။ အစိုးရဆေးရုံဖြစ်သောကြောင့် ဆေးရုံတက်ကုသခကို မပေးရသော်လည်း ဆေးဝါးအတွက်ကုန်ကျစရိတ်မှာ ကျပ် ၄သိန်း ၅သောင်း အထိရှိခဲ့သည်။

တစ်နေ့တွင် ထွန်းသည် သူငယ်ချင်းတစ်ယောက်အား သူ၏ကျန်းမာရေးပြသနာကိုပြောပြခဲ့သည်။ ထိုသူငယ်ချင်းသည် လူတိုင်းအတွက် ကျန်းမရေးအဖွဲ့၏မိတ်ဖက်ဆေးခန်းဖြစ်သည့် ဘားအံမြို့ရှိ အနန္တမေတ္တာဆေးခန်း၏ ရန်ပုံငွေရှာဖွေပေးနေသူတစ်ဦးဖြစ်သည်။ ထိုသူငယ်ချင်းသည် ထွန်းအား ဆေးခန်းကိုဦးဆောင်နေသော ဘုန်းကြီးနှင့်တွေ့ဆုံရန်အကြံပေးလိုက်သည်။ ထွန်းသည် ထိုဘုန်းကြီးနှင့်တွေ့ဆုံခဲ့ပြီး ဆေးခန်းတစ်ခုတွင် နှလုံးအား တီဗီဓာတ်မှန်ရိုက်ကြည့်စမ်းသပ်ခဲ့သည်။ အဖြေရပြီးသည့်နောက် ထိုဘုန်းကြီးမှတဆင့် ထွန်းအား လိုအပ်သောကျန်းမာရေးကုသမှုကိုခံယူရရှိနိုင်ရန် လူတိုင်းအတွက် ကျန်းမာရေးအဖွဲ့သို့ လွှဲပြောင်း ညွှန်းပို့ပေးခဲ့သည်။

လူတိုင်းအတွက် ကျန်းမာရေးအဖွဲ့မှ ဝန်ထမ်းသည် ထွန်း၏ နှလုံးစမ်းသပ်ချက်အဖြေကို စစ်ဆေးပြီးနောက် ထွန်း၏  mitral နှလုံးအဆို့ရှင်မှာ ကျဥ်းမြေင်းနေပြီး ချို့ယွင်းမှုရှိနေကြောင်းကိုတွေ့ရှိခဲ့သည်။ ထိုဝန်ထမ်းသည် ထွန်း၏ခွဲစိတ်ကုသမှုအတွက် အဖွဲ့အစည်းမှကူညီမည်ဖြစ်ကြောင်းပြောကြားပြီး ထွန်းအား ပင်လုံဆေးရုံသို့ ညွှန်းပို့ပေးခဲ့သည်။ ထွန်းသည် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် ပင်လုံဆေးရုံတွင် တက်ခဲ့ရပြီး ၁၆ ရက်နေ့တွင် နှလုံးအဆို့ရှင်အားပြင်ဆင်ကုသမှုကိုခွဲစိတ်ခံယူခဲ့သည်။ ခွဲစိတ်ပြီးချိန်မှစ၍ ၄ ရက်တိုင်တိုင် အထူးကြည့်ရှုစောင့်ကြည့်ခန်းတွင်နေခဲ့ရပြီး ထိုနောက်မှ ပုံမှန်အခန်းသို့ပြန်လည်ပြောင်းရွေ့ခဲ့ကာ ဒီဇင်ဘာလ ၂၃ ရက်တွင်ဆေးရုံမှဆင်းခဲ့သည်။

ထွန်း၏​ခွဲစိတ်ကုသမှုနောက်တွင် ပင်ပန်းနွမ်းနယ်ခြင်း၊ နှလုံးခုန်မြန်ခြင်းနှင့် ရင်ဘတ်တွင်စူးရှနာကျင်ခြင်းများကို ထွန်းမခံစားရတော့ပါ။ သူ၏ခံတွင်အရသာပိုကောင်းလာသလို ညအချိန်တွင်လည်း ကောင်းကောင်းအိပ်စက်လာသည်။ ထွန်း၏ပြောချက်အရ ထိုခွဲစိတ်ကုသမှုသည် သူသာမက သူ၏မိသားစုအတွက်ပါ အကျိုးကျေးဇူးသက်ရောက်ခံစားရသည်။ ထွန်းထပ်မံပြောခဲ့သည်မှာ - “ကျွန်တော့မိသားစုရဲ့ဝင်ငွေနဲ့ ဒီလိုခွဲစိတ်ကုသမှုကို ဘယ်တော့မှတတ်နိုင်မှာမဟုတ်ဘူး။ အလှူရှင်တွေရဲ့ ကူညီမှုမရဘူးဆိုရင် ကျွန်တော်ကလူသေဘဲဖြစ်တော့မှာ။ ကျွန်တော် ကြာကြာအသက်ရှင်မှာမဟုတ်ဘူး။ ကျွန်တော့မိသားစုတွေနဲ့လည်း အချိန်ကြာကြာနေရမှာမဟုတ်ဘူး။ ဒီခွဲစိတ်ကုသမှုက ကျွန်တော့ရဲ့ ဘဝနဲ့အနာဂတ်အတွက်ရည်မှန်းချက်တွေကိုပြောင်းလဲပေးလိုက်တယ်။ ကျွန်တော်နေပြန်ကောင်းသွားတဲ့အခါ အလုပ်တွေပြန်လုပ်ပြီး တင်နေတဲ့အကြွေး ၃ သိန်းကို ပြန်ဆပ်မယ်။ ကျွန်တော့သားသမီးတွေ တက္ကသိုလ်အောင်တဲ့အထိ သူတို့ကို ကျွန်တော်ကျောင်းထားမယ်။ ကျွန်တော့ကို ကူညီခဲ့ပေးတဲ့ အလှူရှင်တွေကိုလည်း ကျေးဇူးအရမ်းတင်ကြောင်းပြောချင်တယ်။” ဟူ၍ဖြစ်သည်။

bottom of page