top of page
An HFA staff completes a vision test with a Karen villager.

မျက်စိစမ်းသပ်ခြင်း

အစီအစဥ်

8

ပြုလုပ်ခဲ့သော ဘီးတပ်ကုလားထိုင် ပေးဝေခြင်း အစီအစဥ် 

2,946

ပြုလုပ်ခဲ့သော ဘီးတပ်ကုလားထိုင် တပ်ဆင်ခြင်းနှင့် တပ်ဆင်ခြင်းဆိုင်ရာသင်တန်းများ

1,856

ဘီးတပ်ကုလားထိုင် တပ်ဆင်နည်းကိုသင်ယူခဲ့သူများ

322

ပေးဝေခဲ့သော ဘီးတပ်ကုလားထိုင် စုစုပေါင်း

မျက်စိဆေးခန်းအများစုမှာ မြို့ကြီးပြကြီးတွင်သာရှိသောကြောင့် လူထုအများစုမှာ မျက်စိဆေးခန်းသို့သွားရောက်နိုင်ခြင်းမရှိပေ။ တချို့မှာ မျက်စိဆေးခန်းများရှိရာအနီးတဝှိက်မှာနေထိုင်သော်လည်း စျေးကြီးပေးဝယ်ရသည့် မျက်မှန်များနှင့် စမ်းသပ်ခစရိတ်များကြောင့် ဆေးခန်းသို့မသွား​ကြချေ။

အမြင်အာရုံ ချို့ယွင်းခြင်းနှင့် အမြင်အာရုံ ဝေဝါးခြင်းတို့သည် ထိခိုက်ခံစားရသူကိုယ်တိုင်နှင့် ၄င်း၏မိသားစု၏ လူမှုရေး၊ စိတ်ပိုင်းဆိုင်ရာနှင့် စီးပွားရေး အပေါ် ထိခိုက်သက်ရောက်မှုရှိနေပါသည်။ အမြင်အာရုံ ချို့ယွင်းသည့် အရွယ်ရောက်ပြီးသူများသည် နေ့စဉ် စီးပွားရေးလုပ်ငန်းဆောင်တာများလုပ်ဆောင်ချိန်တွင် ကန့် သတ်ချက်များနှင့် ရင်ဆိုင်ရလေ့ရှိပြီး အမြင်အာရုံ ချို့ယွင်းသည့် ကလေးများမှာမူ ၄င်းတို့၏စာကျက်ခြင်းနှင့် ဆော့ကစားနိုင်မှုအပေါ် သက်ရောက်မှုများရှိနေပါ သည်။ ဤအရာသည် မိသားစုများအတွက်လည်း ဝန်ထုပ်ဝန်ပိုးဖြစ်ပြီး အထူးသ ဖြင့် အမြင်အာရုံချို့တဲ့သူအတွက် ကြည့်ရှုပြုစုမည့်သူလိုအပ်သောအခါ ထိုကြည့်ရှုပြုစုမည့်သူသည် အလုပ်လုပ်ခြင်း သို့မဟုတ် ကျောင်းတက်ခြင်းများ မပြုနိုင်တော့သောကြောင့်ဖြစ်သည်။

လူတိုင်းအတွက် ကျန်းမာရေးအဖွဲ့သည် ညီအစ်မအဖွဲ့အစည်းဖြစ်သည့် Burma Children Medical Fund (BCMF) နှင့်လက်တွဲလုပ်ဆောင်ကာ မြန်မာနိုင်ငံရှိ ချို့တဲ့သည့်နေရာဒေသမှာနေထိုင်သူများအတွက် အမြင်အာရုံစမ်းသပ်ခြင်းများကို အခမဲ့ရယူနိုင်ရန် လုပ်ဆောင်ပေးလျှက်ရှိသည်။ မျက်စိစမ်းသပ်ခြင်းအစီအစဥ်တွင် လူတိုင်းအတွက် ကျန်းမာရေးအဖွဲ့၏ ဝန်ထမ်းများသည် ပြည့်စုံသောအမြင်အာရုံစမ်းသပ်မှုကိုပြုလုပ်ပေးပြီး အတွင်းတိမ်နှင့် မျက်သားတက်ခြင်း စသည့် အဖြစ်များသော မျက်စိအခြေအနေများကိုလည်း စမ်းသပ်စစ်ဆေးပေးပါသည်။ မျက်မှန်လိုအပ်သောသူများအား မျက်မှန် တစ်လက်စီ အခမဲ့ပေးဝေပြီး ခွဲစိတ်ကုသရန်လိုသောလူနာများအား အခမဲ့ ခွဲစိတ်မှုကိုပြုလုပ်ပေးနေသည့် နီးစပ်ရာ မျက်စိဆေးခန်း ဆေးရုံများသို့ လွှဲပြောင်းညွှန်းပို့ပေးပါသည်။ အကယ်၍ နီးစပ်ရာဒေသတွင် အခမဲ့ မျက်စိခွဲစိတ်မှုမရှိသော် သို့မဟုတ် လူနာ၏မျက်စိအခြေအနေမှာ ခက်ခဲရှုပ်ထွေးနေခဲ့သော် ထိုင်းနိုင်ငံအတွင်းတွင် ကုသမှုရယူနိုင်ရန်အတွက် BCMF ထံသို့ လူနာလွှဲပြောင်းညွှန်းပို့ပေးပါသည်။

bottom of page